27 C
Yangon

စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

Must read

စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယမန်နေ့ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ် ၅၂ စစ်ဆေး ဗိုလ်လောင်းသင်တန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တပ်မတော်ဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် လက်ရုံးတပ်ဖြစ်သည့် စစ်ဆေးဆရာဝန်များနှင့် ဆေးတပ်သားများကို ရှေ့တန်းစစ်မြေပြင်များတွင် စစ်တိုက်ခိုက်နေသဖြင့် စစ်ဆရာဝန်နှင့် ဆေးတပ်သားများ ထွက်ပြေးမှုများ များပြားနေကြောင်း၊ ထို့ပြင် စစ်ဆေးဆရာဝန်နှင့်ဆေးတပ်သားများ ရှေ့တန်းတွင် သေဆုံးမှုများလည်း များပြားခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားခဲ့ကြောင်း စစ်ဆေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ၊ နှင့် ၃၂ မှ ဘွဲ့လွန်သင်တန်းတက်နေသော စစ်ဆေးဆရာဝန်များအားလုံးကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ စစ်ကောင်စီက အတင်းအကျပ် စေလွှတ်ခဲ့ပြီး သွားရောက်ခိုင်းရာတွင် အရပ်၀တ်ဖြင့် လုံခြုံရေးမပေးဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

စစ်တပ်ဆေးတပ်မှ အရာရှိဆရာဝန်များ၊ စစ်သားများကို ရှေ့တန်းသို့ ဆက်တိုက် စေလွှတ်နေသဖြင့် စစ်ဆေးတပ်အတွင်း စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များ အပေါ် မကျေနပ်မှုများ ကြီးထွားနေကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ စစ်ဆေးတပ်များမှ စစ်ဆေးဆရာဝန်နှင့် သူနာပြုများမှာ ထွက်ပြေးမှုများ ဆက်လက် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article