31 C
Yangon

ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ

Must read

ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးသီးချပြီးတော့ နာရီဝက်လောက်ကြာတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ပြီးပြီဖြစ်တဲ့အတွက်အထိအခိုက်မရှိခဲ့ဘူး။ ခရီးသွား ပြည်သူတစ်ဦးတော့ ကားမှန်စစင်ပြီ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ သတင်းတော့ အတည် မပြုနိုင်သေးဘူး။ ဘုရားဖူးပြည်သူတွေကို အသိပေးချင်တာ စခတွေနဲ့ ဝေးဝေးရှောင်နေကြဖို့ တိုက် တွန်းချင်ပါတယ်။ စစ်ရေးဆိုတာ အချိန်မရွေး၊ နေရာမရွေးဖြစ်လာနိုင်လို့ပါ” ဟု ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် PDF ၇၈၀၅ တပ် ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျိုက်ထို တော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပြီး ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်ကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းကပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အင်အား ၃၀ ကျော်ဖြင့် စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်သို့ တောင်ခြေမှ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီ ကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသင့်ထောင်ထားသော မိုင်းများထပ်မံနင်းမိကာ ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article