28 C
Yangon

ညောင်လေးပင်ရှိ စစ်တပ် ဂိတ်စခန်း၊ ပျူစောထီးခေါင်းဆောင် နေအိမ်နှင့် ရွှေကျင် ခမရ- ၅၈၉ တပ်ရင်းတို့ကို တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ညောင်လေးပင်ရှိ စစ်တပ် ဂိတ်စခန်း၊ ပျူစောထီးခေါင်းဆောင် နေအိမ်နှင့် ရွှေကျင် ခမရ- ၅၈၉ တပ်ရင်းတို့ကို တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်တပ် ဂိတ်စခန်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် ရွှေကျင်မြို့နယ် ခမရ- ၅၈၉ တပ်ရင်းတို့ကို တပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွား၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် ပျူစောထီး ခေါင်းဆောင် အောင်စိုးမိုး (ကျောင်းစု) နေအိမ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ဂိတ်စခန်းမှ MA 3 သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ အီနာကာဗုံးသီး ၂ လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ဂိတ်စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် ဂျောင်းတာအုပ်စုအတွင်းရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသော ပျူစောထီး ခေါင်းဆောင် အောင်စိုးမိုး နေအိမ်ကိုလည်း ဝင်ရောက် ပစ်ခတ်ရာ လက်လုပ် ကိုးလုံး သေနတ် ၂ လက်၊ လက်လုပ်သေနတ်အတု ၂ လက်တို့ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ၏ ထိခိုက် သေဆုံးမှုကို စုံစမ်းလျက်ရှိပြီး တော်လှန်းရေးတပ်ဖွဲ့များ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ လက်ရုံးတပ်များ ဖြစ်သော ပဲခူးခရိုင် အင်းတကော်နှင့် ကဝမြို့နယ် ဒရုန်းတပ်ဖွဲ့တို့ကလည်း ရွှေကျင်မြို့နယ် ဒုံဇရစ် ခမရ ၅၈၉ တပ်ရင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီခန့်မှ စတင်၍ လက်နက်တိုက်၊ ကင်းဂိတ်နေရာများကို ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုအခြေအနေနှင့် တပ်တွင်း ပျက်စီးမှု အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပျူခေါင်းဆောင်နေအိမ်ကို ဝင်ပစ်တာက ထွက်ပြေးသွားတယ်။ နေအိမ်ထဲမှာ ပုံးကျင်းထဲ ဝပ်နေတဲ့ အမျိုးသမီးငယ် ၂ ဦးပဲ ကျန်ခဲ့ပါတယ်။ ကျနော်တို့ရဲဘော်တွေ အပစ်မဲ့ ပြည်သူကို ဘာမှ မလုပ်ဘဲ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ခွေးစခန်းတွေ အကုန်လုံးကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ” ဟု ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို KNLA နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ်ပကဖ၊ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅၊ မအူပင်ခရိုင်ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article