27 C
Yangon

တောင်ဒဂုံ၊ ရိုးမရိပ်သာလမ်းမကြီးပေါ်တွင် စစ်ကောင်စီခန့် ၇၁ ရပ်ကွက် ရာအိမ်မှူး လူမိုက် ပြုံးချို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ် စစ်ကောင်စီခန့် ၇၁ ရပ်ကွက်ရာအိမ်မှူး လူမိုက် ပြုံးချိုသည် ယနေ့ ညနေ ၅ နာရီခွဲမတိုင်မီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ပြုံးချိုသည် စစ်ကောင်စီတပ်၏ အမာခံသတင်းပေးဖြစ်ပြီး ရပ်ကွက်ရာအိမ်မှူးလည်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် တောင်ဒဂုံ ရိုးမရိပ်သာလမ်းမကြီးပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ပြုံးချိုကတော့ အတော်ကို စစ်ဘောမလို့ နာမည်ကြီးတာ။ ရပ်ကွက်အုပ်ကြီးလူယုံ။ လူမိုက်လည်း လူမိုက်ဗျ။ သေသွားတော့လည်း ဘာအာဏာ ပါဝါမှ မပြနိုင်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခံရသော နေရာအနီးဝန်းကျင်ကို ပိတ်ဆို့စစ်ဆေးနေ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article