27 C
Yangon

မကွေးတိုင်း၊ ကျောက်ထုမှ စစ်ကောင်စီဝန်ထမ်းများ ဧပြီလမှစ၍ လစာမရ၊ ကျောက်ထုနှင့်ဂန့်ဂေါမြို့နယ်အပါအဝင် မြို့နယ်အများစု အုပ်ချုပ်ရေး လုံး၀ ရပ်ဆိုင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး PDF ကြောက်၍ ပုန်းနေရ

Must read

ရန်ကုန်၊ မေ ၁၉

မကွေးတိုင်း၊ ကျောက်ထုမြို့တွင် စစ်ကောင်စီဝန်ထမ်းများ ဧပြီလမှစတင်၍ လစာမရတော့ကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ကျောက်ထုမြို့တွင် ရဲနှင့်ထွေအုပ်ဝန်ထမ်းများ၊ ဝန်ကြီးဌာနဆိုင်ရာဝန်ထမ်းများကို ဧပြီလ လစာ မပေးနိုင်ကြောင်း၊ စစ်တပ်နှင့်အမြှောက်တပ်အတွက် လစာထုတ်ပေးပြီး ကျန် စစ်ကောင်စီဝန်ထမ်းအားလုံး လစာမရကြောင်း၊ စစ် တပ်မှ စစ်သားများကလည်း ဦးပိုင်ရှယ်ယာအမြတ်ငွေ ရရန်လည်း တောင်းဆိုနေကြပြီး ဦးပိုင်ရှယ်ယာအမြတ်ငွေ မပေး၍ မကွေးတပ်အတွင်း ဝေဖန်မှုများစွာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

“ကျောက်ထုမြို့မှာ ဌာန၁၉ ခုရှိပြီး ခန့်ထားတဲ့ စစ်ကောင်စီဝန်ထမ်း ၁၄၂ ဦး၊ရုံးတက်ဝန်ထမ်း၇၃ ဦးရှိပါတယ်။ မြို့ထွေ/အုပ်ရုံးမှာ ခန့်ထားဝန်ထမ်း ၁၇ ဦး၊ လက်ရှိ ရုံးတက်ဝန်ထမ်း၁ ဦးရှိပြီး ရုံးလုပ်ငန်းတွေ ရပ်ထားပါတယ်။ ဝန်ထမ်း တွေလစာထုတ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်က အမတ ၃၆၈ တပ်ရင်းအတွက် လစာငွေသိန်း ၉၀ ကျပ်သာ ထုတ်ပေးပြီး ကျန်ဝန်ထမ်းနှင့် ပင်စင်စားများတွေ ဧပြီလ လစာမထုတ်ပေးနိုင်ဘူး။ ဘဏ်ထဲမှာ ငွေကျပ် ၁၈ သန်းပဲကျန်တယ်။ မြို့အုပ်ချုပ်ရေးမှူး အပါအဝင် Non-CDM ဝန်ထမ်းတွေစာရင်း အမည်နဲပကွက် ကန့်ကွက်စာထုတ်မှုကြောင့် ပုန်းနေရပါတယ်။ မနှစ် အောက်တိုဘာကစပြီး အခုထိ ကျောက်ထုနယ်မြေရဲစခန်းမှာ အခြေပြုနေထိုင် ပုန်းနေရတယ်။ ထွေ/အုပ်ရုံးမှာ တပ်နဲ့ရဲ လုံခြုံရေးမရှိတော့လို့ပါ” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဝန်ထမ်းများ လစာ မပေးနိုင်ခြင်းများနှင့်အတူ ကျောက်ထု၊ ဂန့်ဂေါမြို့နယ်များတွင် အခြေခံ အုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

“ဂန့်ဂေါမြို့နယ်မှာလည်း အခြေခံအုပ်ချုပ်ရေးယန္တရား လုံးဝရပ်ဆိုင်းနေပါတယ်။ မကွေးမြို့ပေါ်မှာလည်း ပြည်သူ့စစ်(ပျူ)ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးဖို့ စည်းရုံးနေပြီး ပျူစောထီး ဖြစ်လိုတဲ့သူတွေကို ခလရ ၅၀ ထဲမှာ စစ်သင်တန်းပေး လက်နက်ခဲယမ်း၊ ဝတ်စုံများ တပ်ဆင်ပေးဖို့ လုပ်နေတယ်” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။

မကွေးတိုင်းတွင် မြိုင်၊ ပေါက်၊ ဂန့်ဂေါ၊ ကျောက်ထု၊ ရေစကြို၊ စလင်း၊ အပါ အဝင် မြို့နယ်အများစုတွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းနေပြီဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article