20 C
Yangon

ရေစကြိုမြို့နယ်၊ ခလရ ၂၅၆နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ရေးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ခလရ ၂၅၆နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် ရေးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ကပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့အခြေစိုက်၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်ဦးမှုရယူကာ တိုက်ခိုက်နိုင်သောကြောင့် စစ်ကောင်စီ တပ်သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ (MRG) ၊ နဂါးနီအထူးတိုက်ခိုက်ရေးအဖွဲ့ (မြိုင်) နှင့် Pakokku Special Task Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ဘိုကလေးကျောင်းတိုက်အနီး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသည့် ကား ၁ စီးလည်း မီးလောင်ပျက်စီးခဲ့ပြီး တိုက်ခိုက် ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force -SDDF Missile Team နှင့် မွန်၊ ကရင် တော် လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article