26 C
Yangon

ထီးလင်းတွင် YRPA တပ်ဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ မင်းကင်းတွင် ရေမြှပ်မိုင်းဖြင့် တိုက်ခိုက်ခံရသော စစ်တပ် မော်တော်အုပ်စုက ဖက်ခတ်ရွာတွင် ကမ်းကပ်ပြီး ရွာကို မီးတင်ရှို့နေ

Must read

ရန်ကုန်၊ မေ ၂၁

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရွာအနီး ယောဒေသ တော်လှန်ရေး တပ်ပေါင်းစု YRPA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာစဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ကာ Yaw Regional PDF’s Alliance – YRPA တပ်ဖွဲ့နှင့် ဒရုန်း တပ်ရင်းတို့မှ လက်နက်ကြီးများ စနိုက်ပါများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း YRPA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ရေမြှပ်မိုင်းများဖြင့် တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် မော်တော်အုပ်စုသည် ယနေ့ မေလ ၂၁ ရက်နေ့တွင် ဖက်ခတ်ရွာကို မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မော်တော်အုပ်စုတွင် ၆ စီးပါတွင်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရေမြှပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် မော်တော်ယာဥ် တစ်စီး ဝမ်းဗိုက်ထိမှန်ကာ စစ်တပ် ဘက်မှ စနိုက်ပါ ၂ ဦး သေဆုံးခဲ့သည်။

” အထက်ပိုင်းမှ စုန်လာတဲ့ စစ်ခွေး မော်တော် အုပ်စု နံနက်ပိုင်းက မင်းကင်းမြို့နယ် နှင်းကြီးရွာ လက်ချိတ်ရွာကို မီးရှို့ခဲ့ပြီး အခုလက်ရှိချိန်မှာ ဖက်ခတ်ရွာ ကို မီးထပ်ရှို့နေပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article