29 C
Yangon

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ၂ လက်၊ ကျည်တောင့် ၂၀၀ ကျော်၊ ၄၀ မမ ဗုံးသီး တစ်လုံးဖြင့် CDM ဝင်လာ၍ သိန်း ၁၁၀ ချီးမြှင့်

Must read

ရန်ကုန်၊ မေ ၂၁

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ၂ လက်၊ ကျည် တောင့် ၂၀၀ ကျော်၊ ၄၀ မမ ဗုံးသီး တစ်လုံးဖြင့် CDM ဝင်လာ၍ သိန်း ၁၁၀ ချီးမြှင့်လိုက်ကြောင်း ထီးလင်း PDF က သတင်းထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင် ၊ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK-22 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ PEOPLE’S DEFENCE FORCE -HTILIN (Yaw Region) ထံသို့ ဆက်သွယ်ကာ CDM ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရဲတပ်သားသည် အာဏာသိမ်းပြီးစအချိန် ၇.၃.၂၀၂၁ ရက်နေ့စတင်၍ CDM ပြုလုပ်ခဲ့သော်လည်း ပြည်သူလူထုက ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် Non CDM အဖြစ်ဖြင့် ဂန့်ဂေါမြို့ဂိတ်များတွင် တာဝန်ဆက်လက်ထမ်းဆောင်နေခဲ့ရကြောင်း၊ သို့သော် အာဏာရှင်စနစ်ကိုမကြိုက်ပဲ PDF ထဲသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေသဖြင့် မေလ ၁၀ ရက်နေ့ ရက်နေ့တွင် CDM ရဲတပ်သားအဖြစ် ဝင်ရောက်လာခဲ့ပြီး PEOPLE’S DEFENCE FORCE-HTILIN (Yaw Region) မှ (၁၁၀)သိန်း ကျပ်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် CDM ရဲတပ်သားသည် PDF(Htilin) တပ်ဖွဲ့တွင်ရောက်ရှိနေပြီး “PDF (Htilin) တပ်ဖွဲ့၏ မြေပြင်အခြေအနေများကိုမြင်တွေ့ရပြီး လေးစားမိကြောင်း၊ PDF(Htilin) တပ်ဖွဲ့တွင်ရောက်ရှိနေရခြင်း သည် သူ့အတွက် လုံခြုံမှု အပြည့်ရှိကြောင်း၊ NUG ၏လမ်းစဥ် မူဝါဒများကို နားမလည်သေးသော်လဲ NUG ၏လမ်းစဥ်အတိုင်းလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊PDF သစ္စာဓိဌာန်ခံယူပြီး PDF(Htilin) တပ်ဖွဲ့နှင့်အတူ ကျရာတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း” CDM ရဲတပ်သားက ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article