31 C
Yangon

မြောင်တွင် စစ်တပ် စစ်ကြောင်း ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံး၊ မြို့လှတွင် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီး မိုင်းဆွဲ တိုက်ခိုက် ခံရပြီး သင်္ဘော ၁ စီးထိမှန်

Must read

ရန်ကုန်၊ မေ ၂၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ် လက်ယက်မကျေးရွာ နှင့် အောင်ချမ်းသာ ကျေးရွာကြားတွင် ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် (T.G.R) ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ် ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT၊ 11 Brothers၊ B.G.F (Myingyan)နှင့် Saw Bwar Gyi MPDF တပ်ဖွဲ့တို့က တစ်ဖက်ပွင့် Mytel အမြှောက် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ မင်းကျောင်းကုန်းရွာနှင့် သာယာကုန်းရွာအကြား မြစ်ကမ်းတစ်နေရာတွင် အကြမ်းဖက် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘော ၁ စီး ထိမှန်ခဲ့ကြောင်း Myo Hla PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ရိက္ခာတင် သင်္ဘော ၃ စီးသည် မိုးတားလေးဆိပ်ကမ်းမှ နံနက် ရနာရီ ၃ဝ မိနစ်တွင် ထွက်ခွာလာပြီး မြစ်ကမ်း တစ်နေရာ အရောက်တွင် KPDF အရံကာကွယ်ရေးတပ်ဖွဲ့မှ H-22 လက်လုပ် ရှေ့ပြေး ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သင်္ဘော ၃ စီးအနက် နောက်ဆုံး သင်္ဘော၏ ခါးလည်ပိုင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်မှ မြစ်ကမ်းတလျှောက်ကို Point- 5 လက်နက်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့လှ KPDF အရံကာကွယ်ရေးတပ်ဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ရေယာဉ် ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သော H-22 လက်လုပ် ရှေ့ပြေး ရှေ့ထွက်မိုင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article