Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောင်ချစ်သူနဲ့ ဗိုလ်တင်ဝင်း ဗိုလ်မုတ်သုန် ဆိုသူတို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ဖို့ Justice for Myanmar ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီက စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို နှစ်နိုင်ငံ MoU စနစ်နဲ့ မြန်မာ အလုပ် သမားတွေ စေလွှတ်ဖို့အတွက် အေဂျင်စီတွေနဲ့ ဘာသာစကားသင်တန်းကျောင်းတွေကို ခေါ်ယူညှိနှိုင်း နေပြန်ပြီး ၊ တစ်ဖက်မှာတော့ ပြည်ပထွက် အလုပ်လုပ်မယ့် သူတွေကို ထွက်ခွင့်မပေးသေးပဲ ပိတ်ပင်ထားတာဟာ ၁၁ ရက်ကြာအထိ ပိတ်ထားတုန်းပဲလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျောက်ခွက်ရေနံမှော် ဒေသအတွင်း ဆုံကုန်း ကျေးရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်ပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲချမှုကြောင့် ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်
