37 C
Yangon

ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်ရှိ စစ်တပ် ကင်းပုန်းကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် ကင်းဝပ်နေသော စစ်သားအားလုံး ထွက်ပြေး

Must read

ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်ရှိ စစ်တပ် ကင်းပုန်းကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် ကင်းဝပ်နေသော စစ်သားအားလုံး ထွက်ပြေး

ရန်ကုန်၊ မတ် ၁၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနေရာကို ရေးဘီးလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် ကင်းဝပ်နေသော စစ်သားအားလုံး ထွက်ပြေးသွားကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် ကွန်ဒူးကျေးရွာရှိ ပြည်သူများ ဖြတ်သန်းသွားလာသော လမ်းကို ပိတ်ဆို့၍ ကင်းပုန်းချထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ရေးဘီးလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများက ပြန်လည် တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ ကွန်ဒူးကျေးရွာထိပ်မှာ သူတို့ အပေါ်က ရွာသားတွေ ဖြတ်သန်းသွားလာလို့ မရအောင် လမ်းကို ကျောက်ကားနဲ့ ပိတ်ထားတာ ကြာပြီ ကျွန်တော်တို့ တစ်ခါ တိုက်ပွဲဖြစ်တဲ့နေရာပေါ့။ အဲဒီနေရာကို ချေမှုန်းရေး ဒီနေ့ပြန်ဆင်းတော့ သူတို့တွေ ထွက်ပြေးသွားတယ်။ သူတို့ မနေရဲဘူး ။ ကျွန်တော်တို့ ဂိတ်ကို သိမ်းဆည်းရမိတယ်။ မီးရှို့ဖျက်ဆီးလိုက်တယ်။ သူတို့ ယူနီဖောင်းတွေပါ မယူဘဲ ထွက်ပြေးသွားတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။

အဆိုပါ ကွန်ဒူးကျေးရွာထိပ်ရှိ လမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်ကားဖြင့် လမ်းပိတ်၍ ကင်းပုန်းများချကာ ဂိတ်ဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဂိတ်ကို ဖြတ်သန်းသွားလာသော ပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးခြင်းများ ပြုလုပ်၍ ဆိုင်ကယ်များကိုသာ ပေးဝင်ပြီး ကားများကို ဝင်ခွင့်မပြုဘဲ အတင်းအဓမ္မသိမ်းဆည်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article