31 C
Yangon

တောင်သာမြို့အနီး ဗိဿနိုးတောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းနှင့် မကျီးရိုးဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

တောင်သာမြို့အနီး ဗိဿနိုးတောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းနှင့် မကျီးရိုးဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်း၊ တောင်သာမြို့အနီး ဗိဿနိုးတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် မကျီးရိုး ဂိတ်စခန်းတို့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့အနီး ဗိဿနိုးတောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းနှင့် မကျီးရိုးဂိတ်စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wing ဒရုန်းများဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မကျီးရိုးဂိတ်ရှိ စစ်သားများနှင့် ရဲ များအနေဖြင့် ပြည်သူပိုင်ကားများကို ဆက်လက်ဟန့်တား နှောက်ယှက်ခြင်း ပြုလုပ်နေပါက ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ မလှိုင် ပကဖ ၊ ရမည်းသင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article