28 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ စစ်တပ်လှည့်ကင်းကားကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်

Must read

မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ စစ်တပ်လှည့်ကင်းကားကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ စစ်တပ်လှည့်ကင်းကားကို အဝေးထိန်းမိုင်းဆွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် မင်္ဂလာဒုံမြို့နယ်၊ တပ်နယ်မှူးရုံးမှ စစ်တပ် လှည့်ကင်းကားက သက်ဆိုင်ရာ တပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာစဉ် Operation Flame မှ တော်လှန်ရေး ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံ တပ်နယ်မှူးရုံးကို ဖောက်ခွဲတိုက်ခိုက်တာ လှည့်ကင်းကား ပြန်အဝင်ကို ချိန်ကိုက်မိုင်းသုံးပြီး ပြုလုပ်ခဲ့တာပါ။ မိုင်းက ၁ လုံးပဲကွဲတယ်။ ကွဲတဲ့ ၁လုံးကလည်း ကားအဝင်ကို ချိန်ကိုက်မိလိုက်ပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိပါတယ်။ မိုင်းကွဲပြီးတဲ့ အချိန် စစ်ခွေးတွေ ချက်ချင်း ရောက်လာလို့ ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရပါတယ်” ဟု Operation Flame မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Operation Flame အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူလက်တွဲပြီး အကြမ်း ဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article