30 C
Yangon

ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ

Must read

ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ

ရန်ကုန်၊ဧပြီ ၁၄

မြန်မာငလျင်ဘေးသင့်သူများကူညီရေးအတွက် UK နိုင်ငံ မြို့ ၂ မြို့၌ ပြုလုပ်သော တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (ကျပ်သိန်း ၄ ထောင်ခန့်) ရရှိခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ဒေါက်တာသက်ကိုကိုက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လန်ဒန်မြို့နှင့် မန်ချက်စတာမြို့တို့တွင် တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်ဘေး နှင့် တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးသွားသူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းတို့လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်များမှ ရရှိသည့်ရန်ပုံငွေအချို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article