35 C
Yangon

စစ်ကိုင်းမြို့တွင် ငလျင်ဘေးကူညီရေး ရိက္ခာဆန်အိတ်များကို ပြည်သူများထံသို့ မပေးဘဲ ရွှေမင်းဝံ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဆက်အောင်ဖြိုးက ပြန်လည်ရောင်းချ၊ မြစ်သားတွင်လည်း လက်ပံဆိပ်ရွာအုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးက ငလျင်ဘေးကူညီရေးပစ္စည်းများကို သိမ်းဆည်း ပြန်ရောင်းနေ

Must read

စစ်ကိုင်းမြို့တွင် ငလျင်ဘေးကူညီရေး ရိက္ခာဆန်အိတ်များကို ပြည်သူများထံသို့ မပေးဘဲ ရွှေမင်းဝံ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဆက်အောင်ဖြိုးက ပြန်လည်ရောင်းချ၊ မြစ်သားတွင်လည်း လက်ပံဆိပ်ရွာအုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးက ငလျင်ဘေးကူညီရေးပစ္စည်းများကို သိမ်းဆည်း ပြန်ရောင်းနေ

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်၌ ငလျင်ဘေးသင့်ပြည်သူများနှင့် စစ်‌ဘေးရှောင်များအတွက် ထုတ်ပေးထားသည့် ဆန်အိတ်များကို အကြမ်းဖက်စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆန်အိတ် တစ်အိတ်လျှင် ငွေကျပ် ၇ သောင်းဖြင့် ကိုယ်ကျိုးရှာ ပြန်လည်ရောင်းချနေကြောင်း ငလျင်ဘေးသင့်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေမင်းဝံရပ်ကွက်အတွင်း ရောက်လာသည့် ငလျင်ဘေးသင့်နှှု့် စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ကောင်စီက ချပေးသည့် ဆန်အိတ် ၁၅၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆက်အောင်ဖြိုး က စစ်ရှောင်ပြည်သူများကို မပေးဘဲ သူ့အိမ်သို့ သယ်ယူသွားကာ ဆန်အိတ်တစ်အိတ်လျှင် ကျပ် ၇ သောင်းနှင့် ပြန်ရောင်းစားခြင်း ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

“အခုငလျင်ဘေးအတွက် WFP ကထောက်ပံ့တဲ့ဆန်အိတ် တွေလည်း ကျနော်တို့ရပ်ကွက်မရ သေးဘူး။အခြားရပ်ကွက်‌တွေတော့ ရနေကြတယ်။ ဆက်အောင်ဖြိုးက စစ်တပ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူးတက်လုပ်တယ်။ နေ့ခင်းရပ်ကွက်ထဲမှာ နေတယ်။ ညဆိုရင် တပ်မ ၃၃ထဲ သွားအိပ်တယ်။ စစ်တပ်ကို ပိုင်တော့ လုပ်ချင်တာလုပ်ရတယ်”ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်တွင် စစ်ကိုင်းမြို့နယ်အတွင်း အခြားမြို့နယ်များမှ စစ်ဘေး ရှောင်နှင့် ငလျင်ဘေးသင့်နေသည့် အိမ်ထောင် စုရာချီရှိကြောင်း၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် ရပ်ကွက်ရှိ အထပ်မြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဆောက်အအုံ ၄ လုံးနှင့် အခြားအိမ်အမြောက်အမြား ပျက်စီးခဲ့ကာ လူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းစက်မှုဇုန်သွားရာလမ်းပေါ်နှင့ တပ်မ ၃၃ ဘေးတွင် တည်ရှိသော အိမ်ခြေ ၃၀၀၀ ၀န်းကျင်ရှိ ရပ်ကွက်ကြီးတစ်ခုဖြစ်ကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးက ငလျင်ဘေးသင့်ပြည်သူများအတွက် စစ်ကောင်စီက ချထားပေးသည့် ရိက္ခာနှင့် ကယ် ဆယ်ရေး ပစ္စည်းများကို ပြည်သူများထံသို့ ပေးဝေခြင်းမရှိဘဲ ၎င်းက သိမ်းယူကာ ပြန်လည် ရောင်းချခြင်း၊ ၎င်း၏ ဆွေမျိုးနှင့် မိတ်ဆွေများကိုသာ ပေးဝေငှခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ငလျင်ဘေးသင့် ပြည်သူများအတွက် ဆန်အိတ်များကို သိမ်းယူရောင်းစားနေသည့် ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဆက်ဖြိုးအောင်နှင့် ဆန်အိတ်မျာ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article