Khit Thit သတင်းဌာန၏ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုနေမှုအပေါ်”ဘာအကြောင်းနဲ့မှ စိုးရိမ်စရာ မရှိဘူး” ဆိုပြီး စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက တုံ့ပြန်ပြော ဆိုလိုက်ပြန်တဲ့အပြင် ၊ ပဇီကြီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ် တွေဟာလည်း သောင်းကျန်းသူတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် တိုက်ခိုက်တာဆိုပြီး ပြောသွားပါသေးတယ်။
-အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆက်အောင်ဖြိုး နဲ့ မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦး ဆိုသူတို့ကငလျင်ဘေးကူညီရေး ရိက္ခာဆန်အိတ်တွေနဲ့ပစ္စည်းတွေကို ပြည်သူတွေဆီ မပေးပဲ ပြန်လည် ရောင်း ချနေကြတယ်လို့ ဒေသခံပြည်သူတွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောထားကြပါတယ်။
-ငလျင်ဒဏ်ကြောင့် ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန် လူငယ်တွေကို စစ်မှုထမ်းခေါ်ဖို့ မျိုးစုံဖိအားပေးနေတဲ့အထဲက ရန်ကုန်မြို့ တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
