26 C
Yangon

ကော့ကရိတ်တွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီး

Must read

ကော့ကရိတ်တွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့ကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မောင်းမရွာသစ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုသား တစ်ဦး နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ နှင့် ၁၂၂ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အံကောင်ကျေးရွာ၊ ကျိုက်သလိုက်ကျေးရွာ နှင့် ဒေါက်ပလန်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အံကောင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၉ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၆ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ကယ်ဆယ်ရေးကာလဖြစ်သော်လည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဥ်နှင့်အမျှ လိုက်လံပစ်ခတ်လျက် ရှိကြောင်း ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article