28 C
Yangon

နှစ်ဆန်းတစ်ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံး

Must read

နှစ်ဆန်းတစ်ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို အကြမ်းဖက် စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ည ၈ နာရီ ၁၅ မိနစ်မှာ နတ်တောင်ကျေးရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ သွားတာ အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံးတယ်။ ပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာရတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article