ပခုက္ကူမြို့အဝင် တပ်မ ၁၀၁ မှ ဗိုလ်မှူး ၁ ဦး ပိုင်ဆိုင်သော KTV ကို ဝင်ရောက် စီးနင်းစဉ် စစ်တပ်အခိုင်းအစေ ၁ ဦးကို သေနတ် ၁ လက်ဖြင့် အရှင်ဖမ်းမိ
မကွေးတိုင်း၊ ပခုက္ကူမြို့အဝင် တပ်မ ၁၀၁ မှ ဗိုလ်မှူး ၁ ဦး ပိုင်ဆိုင်သော KTV ကို ဝင်ရောက် စီးနင်းစဉ် စစ်တပ်အခိုင်းအစေ ၁ ဦးကို သေနတ် ၁ လက်ဖြင့် အရှင်ဖမ်းမိခဲ့ကြောင်း Badassess Burma Force (Badassess B Force) က ထုတ်ပြန်ထားသည်။
မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့အဝင် တပ်မ ၁၀၁ မှ ဗိုလ်မှူး ၁ ဦး ပိုင်ဆိုင်သော KTV ကို ပြည်သူများ၏ သတင်းပေးပို့မှုအရ Badassess Burma Force အဖွဲ့နှင့် ပခုက္ကူမြို့နယ်တပ်ရင်း(၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဝင်ရောက်စီးနှင်းရာတွင် ZCZ ပစ္စတိုတစ်လက်နှင့် အကြမ်းဖက် စစ်ကောင်စီအခိုင်းစေ လက်နက်ကိုင် ၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဝင်ရောက်ဖမ်းစီးထိန်းသိမ်းပြီးချိန်တွင် Badassess Burma Force အဖွဲ့နှင့် ပခုက္ကူမြို့နယ်တပ်ရင်း(၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက အထိခိုက်မရှိပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ရေးအရှိန်မြင့်မားသော အချိန်ရောက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ အပေါင်းအပါများရှိသည့်နေရာများကို အတတ်နိုင်ဆုံး မသွားကြပါရန်မေတ္တာရပ်ခံကြောင်း Badassess Burma Force (Badassess B Force) က အသိပေးနှိုးဆော်ထားသည်။
