32.3 C
Yangon

ကမ္မမြို့ပေါ်၊ ရပ်ကွက်ဆေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီး

Must read

ရန်ကုန်၊ မေ ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီးသွားကြောင်း ဆိတ်ဖြူတကိုယ်တော်ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၁၇ မိနစ်အချိန် ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်၊ ဂျိုးပျံရပ် ကွက်အတွင်းဖွင့်လှစ်ထားသော ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှတက် လာသော ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ ကြောင်း၊ ဆေးခန်းပျက်စီးသွားကာ ဆေးခန်းအနီးရှိ ထန်းပင်ပါ ထက်ဝက်ခန့် ပြတ်ထွက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဆေးခန်းက ပိတ်ထားတာကြာပြီ။ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို လေကြောင်းကနေ ပစ် မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ဆေးခန်းမဖွင့်ဘဲထားတာ။ ဆေးခန်းက နှစ်ဆောင်တွဲပေါ့၊ အဲဒီဆေး ခန်းလည်းပျက်စီးသွားတယ်။ ဆေးခန်းအနီးမှာရှိတဲ့ ထန်းပင်လည်း ပြတ်ထွက်သွားတာ၊ အမျိုးသမီး သား ၁ ဦးကတော့ ဦးခေါင်းပေါက်သွားတယ်လို့သိရတယ်။ ကျန်တဲ့တစ်ယောက်အခြေအနေကတော့ မသိခဲ့ရဘူး” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီက ယခု မေလအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article