ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော အသက် ၁၉ နှစ်မှ အသက် ၃၆ နှစ်အတွင်းရှိ မြန်မာလူငယ် ၉ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ထိုင်းစစ်သားများက တရားမဝင် မြန်မာ ၉ ဦး တင် ဆောင်လာသော ကားများကို ဖုတ်ဖရခရိုင်အတွင်း တားဆီးစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ် အသက် ၁၉ နှစ်မှ အသက် ၃၆ နှစ်အတွင်းရှိ မြန်မာလူငယ် ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကားမောင်းသမား ထိုင်းနိုင်ငံသား ဒရိုင်ဘာကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံသား ကားမောင်းသမားက မြန်မာနိုင်ငံသားများကို သွားရောက် ခေါ်ယူပြီး ဖုတ်ဖရ ခရိုင်သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ ယင်းမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဘန်ကောက် အပါအဝင် အလုပ်ရှိသော နေရာများသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၉ ဦးကို ဖုတ်ဖရမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။


