29.1 C
Yangon

သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ အသီးသီးကို အမိန့်ပေးကွပ်ကဲနေတဲ့ အရာရှိတွေကို တစုတစည်းတည်း သင်တန်းပေးနေတဲ့ ကျောင်းဖြစ်လို့ စစ်ကောင်စီ ယန္တရားအတွက် အလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီ ယန္တရားကို ဖြိုလှဲဖို့ အဓိကအရေးပါတဲ့ ပစ်မှတ်ဖြစ်နေတာကြောင့်ရယ် စစ်ကောင်စီတပ် ဖွဲ့တွေအနေနဲ့လည်း အမြဲတမ်း စိတ်မလုံခြုံမှုရှိနေစေဖို့ရယ် ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့ပါ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သည် အောက်မြန်မာ ပြည်ရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြသော အရာရှိများအတွက် တပ်စုမှူး၊ တပ်ခွဲ မှူးနှင့် တပ်ရင်းမှူးသင်တန်းများ ပေး၍ တိုက်ခိုက်ရေး ပညာကို အဓိကသင်ကြား ပေးနေသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ပြီး စစ်ရှုံးကောင်စီ ၏ ဩဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံ ဖြင့် နှိပ်စက်ရန် စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီ အရာရှိများ ကို ပြည်သူ့ကိုယ်စား တန်ပြန် တိုက်ခိုက်ရန်ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက BWM Mission 38 ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article