30.1 C
Yangon

ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းတွင် စစ်ကားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၀

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းတွင် စစ်ကားများကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်လေးပင် မှရွှေကျင်သို့ လာသည့် အကြမ်းဖက် စစ်ကားများကို ၃၇၀၃ တပ်ရင်းမှ မီးနဂါး ရဲဘော်များက ညောင်လေးပင်-ရွှေကျင် ကားလမ်းပိုင်းတွင် ဖြတ်တောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်ကားတန်းသည် နေရာတွင်ပင် ရပ်တန့်သွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထိုပစ်ခတ်မှုအတွင်း ကားလမ်းဘေး၌ လမ်းကင်းယူထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်လည်း ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မဒေါက်မှ ထွက်လာသည့် ကား ၂ စီး၊ ဆိုင်ကယ် ၅ စီးဖြင့် လာသည့် စစ်ကူ စစ်ကြောင်း ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွင် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သားများနှင့် သေဆုံးသူများကို လာရောက်သယ်ဆောင်သွားကြောင်း Fire Dragon စစ်ကြောင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article