30 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ မေ ၂၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့ ည ၉ နာရီခန့်အချိန် ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်ထပ်တိုးမြှင့်ထားသဖြင့် 3.5kg ဒရုန်း ဗုံး ၂ လုံး၊ 5kg ဒရုန်း ဗုံး ၁ လုံးဖြင့် စုစု ပေါင်း ၂ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားအုပ်စုအတွင်း ကျ ရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နွားထိုးဘက်မှာ တိုက်ပွဲဖြစ်နေတာကို စစ်ကူသွားဖို့၊ အဲဒီဘက်အတွက် ကျနော်တို့အဖွဲ့တွေက ဖြတ် တောက်ရေးတာဝန်ယူထားရတာဖြစ်တဲ့အတွက် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ၊ ဒရုန်းနဲ့တိုက်ခိုက်ရေးလုပ် တာကတော့ ၂ ကြိမ်လုပ်တာ၊ ပထမ တစ်ကြိမ်က 3.5 kg ၂ လုံး၊ တစ်ကြိမ်ရယ်၊ ဒုတိယ တစ်ကြိမ်က 5kg ဗုံးသီးနဲ့တစ်ကြိမ်၊ သတင်းရထားတာက စခတွေဘန်ကာနဲ့အဆောက်အအုံတွေ ထဲရှိ တာလို့ သ တင်းရထားတာ၊ ဘန်ကာမှာက လက်နက်ကြီး၊ စက်ကလေးလည်းထိုင်ထားတယ် သတင်းရတော့ ဘန်ကာကို အရင်ဖြိုမယ်ဆိုပြီး ဘန်ကာပေါ်အရင်ချတာ၊ ဒါပေမယ့် ညခင်းမှာက လေတိုက်နှုန်းက အားပြင်းတော့ ပထမအကြိမ်ချလိုက်တဲ့အချိန်မှာ ဘန်ကာရဲ့အနောက်ဘက်ကို ယွင်းပြီးတော့ ဗုံး က သွားကျတာ၊ ဖြစ်ချင်တော့ဘန်ကာထဲမှာက စခက နှစ်ကောင်လောက်ပဲရှိတာ၊ ဘန်ကာနဲ့ကပ် လျက် ခြံစည်းရိုးတလျှောက်မှာက စခ ၁၀ ကောင်လောက်က ကင်းပုန်းဝပ်နေတာ၊ အဲဒီကင်းပုန်းအုပ် ထဲ ကို သွားကျတာ၊ ဒုတိယတစ်လုံးကတော့ စခတွေနေထိုင်တဲ့နေရာကို ချနိုင်ခဲ့တယ်၊ နောက်ဆုံးရ သတင်း ကတော့ ၅ ကောင်သေတယ်၊ ၄ ကောင်အပြင်းအထန်ဒဏ်ရာရတယ်၊” ဟု ကျောက်ဆည် ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို သင်္ချိုင်းကုန်းသို့ သွားရောက်မမြှုပ်နှံရဲသဖြင့် ရဲစခန်း အတွင်းမြေကျင်းတူးကာ သင်္ဂြိုလ်လိုက်ကြောင်း၊ ဒဏ်ရာရရှိသူများကိုလည်း စခန်းအတွင်း ဆေး ကုသနေပြီး ယနေ့မေလ ၂၀ ရက်နံနက်ပိုင်းတွင် မြို့သာရဲစခန်းအတွင်သို့ စစ်ကား ၃ စီးဖြင့် အင်အား ထပ်ဖြည့်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း နှင့် ငါန်းဇွန်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article