25 C
Yangon

မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော တပ်မ ၁၀၁ နှင့် ခလရ ၂၅၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော တပ်မ ၁၀၁ နှင့် ခလရ ၂၅၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း Pakokku – Special Task Force မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ ​တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ၊ ပါရာမော်တာ၊ Y-12 တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA- 1 သေနတ် ၁ လတ်၊ ကျည် ၅၀၀ ကျော် ၊ ခဲယမ်းများ နှင့် စစ်သား မသာ အလောင်း စစ်သား ၈ဦး အလောင်းကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိခိုက်မှု များပြားခြင်း‌ကြောင့် မေလ ၇ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာ စစ်ခွေးသေစာရင်းကတော့ ကျနော်တို့ ရုပ်အလောင်း ၈ လောင်း သိမ်းဆည်းရမိတာကိုပဲ အတည်ပြုထားတာပေါ့။ ထိခိုက်မှုတော့များတယ်” ဟု Pakokku – Special Task Force မှ တာဝန်ရှိသူတစ်ဦး ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း(၁)၊ ပေါက်မြိုင်ကမ္မ ပကဖစုဖွဲ့မှုတပ်၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင် အမှတ်(၂/၆/၇/၁၄/၁၅/၁၇)၊‌ ကျောင်းသားတပ်မတော် (ABSDF) ၊ 8+တပ်ပေါင်းစု၊အညာမြေတပ်ပေါင်းစု၊ PLCတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PPDF ၊ Bo Brother တပ်ပေါင်းစု ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ Earthquake တပ်ဖွဲ့ နှင့် ဒေသဆိုင်ရာ တပ်ဖွဲ့များတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article