25 C
Yangon

တောင်သာမြို့ပေါ်ရှိ စစ်တပ် အထိုင်ချဂိတ်စခန်းနှင့် ဝန်ထမ်းအိမ်ယာကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး Non CDM ဝန်ထမ်း ၁၁ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ မေ ၂၆

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ ဂိတ်စခန်းနှင့် ဝန်ထမ်းအိမ်ယာကို တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး Non CDM ဝန်ထမ်း ၁၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

မေလ ၁၉ ရက်နေ့တွင် တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်း အထွက် တောင်သာမြို့ မင်္ဂလာဦးရပ်ကွပ်ရှိ ဘန်ကာ ကတုတ်များဖြင့် အခိုင်အမာ ပြုလုပ်ထားပြီး ပြည်သူများထံမှ နေ့စဉ်ငွေကြေးတောင်းယူ နှောက်ယှက်နေသော အကြမ်းဖက် စစ်တပ် ဂိတ်အထိုင်စခန်းနှင့် တောင်သာမြို့ ဘူတာကုန်းရပ်ကွပ်ရှိ ဝန်ထမ်းအိမ်ယာ တို့ကို တော်လှန်ရေးတပ်ဖွဲ့မျာက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း မင်္ဂလာဦးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများရှိကာ ဂိတ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ တော်လှန်ရေး ရဲဘော်များက ဂိတ်တဲများ၊ ကွန်ကရိဘန်ကာများအတွင်း ရှာဖွေစဉ် ငွေကျပ် ၉၆ သိန်းကျပ်၊ သေနတ် အတို ၁ လက်၊ ကျည် ၁၅၀၈ တောင့်၊ MA1 ကျည်ဘောက် ၄ ခု၊ G3 ကျည်ဘောက် ၂ ခု တို့ကို သိမ်းဆည်းရရှိကာ ဂိတ်တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲဖြစ်ပွားရာ နေရာသို့ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကူကားနှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးထပ်မံ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် ဝန်ထမ်းအိမ်ယာကို စီးနင်းတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အကျင့်ပျက် ဝန်ထမ်း Non CDM ၁၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်လာကာ စစ်ကောင်စီ ယန္တယားကို အဟန့်အတားပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်သာပကဖ)၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ရင်းမူး ရဲဘော်ကီး ဦးဆောင်သော နေပြည်တော် PDF အမှတ်(၈၀၁) တောင်သာ စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article