ဒီကနေ့ မေ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နှစ်ဖက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာနဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစားပေးမဟုတ်ဘဲ ရွေးကောက်ပွဲကြောင့် ပဋိပက္ခအခြေ အနေ ပိုဆိုးလာနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆက်ရီ မိုဟာမက် ဟာဆန်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ဗုံးကျဲမှုတွေကြောင့် ဆေးရုံ၊ ဆေးခန်း တွေ ပျက်စီးသွားပြီး ဗုံးဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ ဆေးခန်းတွေတည်ဆောက်ရေး ၀ိုင်းဝန်းကူညီကြဖို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က အကူအညီတောင်းလိုက်ပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချဂိတ်စခန်းနဲ့ ဝန်ထမ်းအိမ်ယာကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး Non CDM ဝန်ထမ်း ၁၁ ဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
