27.9 C
Yangon

ပခုက္ကူမြို့နယ်တွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော အောင်သာဘဲရွာသစ်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ကျော်ဖြင့်တပ်စွဲ ထားသော ပခုက္ကူမြို့ နယ်၊ အောင်သာဘဲရွာသစ် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ပြီး ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ပျူ စောထီး ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက စုံစမ်းနေဆဲပါပဲ၊ ကျနော်တို့ဝင်တဲ့အချိန်မှာ ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ကတိုးထားတာ၊ တိုက်ပွဲပြီးတော့လည်း ကား ၃ စီးအင်အားအပြည့်နဲ့ ထပ်ရောက်လာသေးတယ်။ အဲဒီ ပျူရွာကို စခတွေက အခိုင်အမာတည်ဆောက်နေတာပါ၊ ကျနော်တို့မှာက လက်နက်ခဲယမ်းလိုအပ် ချက်ရှိပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တင်ပြတောင်းဆိုချင်ပါတယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက် ပကဖ ၊ ပေါက် ပကဖ ဇုံ ၄ ၊ ပေါက် ပကဖ BLY ပျောက်ကျားတပ် ၊ ပခုက္ကူ ခရိုင် လှုပ်ရှားတပ် တပ် ဖွဲ့ ၅ (ဧရာဒေါင်း) ၊ King fighter (SGF) နှင့် ABSDF ကျောင်းသား တပ်မ တော်အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article