28 C
Yangon

ကျိုက်ထို၊ ဂူကူးကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သား ၃ ဦး သေဆုံးပြီး လူနာတင်ကား ၃ စီးဖြင့် ဒဏ်ရာရသူများကို လာကောက်သွား၊ သထုံတွင်လည်း KNLA ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်နေ

Must read

ရန်ကုန်၊ ဇွန် ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဂူကူးကျေးရွာတွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသော စစ်သားများကို လူနာတင်ကား ၃ စီးဖြင့် လာရောက် ကောက်ယူသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ သထုံခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ် အချိန် ကျိုက်ထိုမြို့နယ် ဂူကူးကျေးရွာအနီး နယ်မြေကျူးကျော်ဝင်ရောက် လာသော စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားကြောင်း၊ တိုက်ပွဲကြာချိန် ၁၀ မိနစ် ‌ခန့်ကြာမြင့်ခဲ့ ပြီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး( မစိုးရိမ်ရ ) စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း၊ သေဆုံးသူများကို လူနာတင်ကား ၃ စီးဖြင့် သယ်ယူသွားကြောင်း သိရှိရသည်။

“ရန်သူ ၃ယောက်အနည်းဆုံးကျပါတယ်။ ၃ ဦးသေပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိတာပေါ့။ သထုံခရိုင်ထဲမှာ စစ်ရေးတင်းမာနေတယ်ဆိုတာနဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အတွက် လက်နက်ခဲယမ်း ပိုလိုအပ်လာတယ်။ ပြည်သူတွေကို ကူညီကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုမနက်လည်း တိုက်ပွဲထပ်ဖြစ်နေပါတယ်”ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ သထုံခရိုင်မှ တာဝန်ရှိသူက အခြေအနေကို ရှင်းပြသည်။

အလားတူ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် KNLAတပ်ရင်း(၂)နယ်မြေ အတွင်းရှိ ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင် KNLAဦးဆောင်သည့် မိတ်ဖက်တပ်ဖွဲ့များနှင့် စစ်ကောင်စီလက်အောက်ခံတပ်များ ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်မှစတင်၍ ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံတပ်များက လက်နက်ကြီး အချက်ရေပေါင်းများစွာ ရမ်းသမ်းပစ်ခတ်နေပြီး အနီးအနားရှိကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲလျက်ရှိပါသဖြင့် ပြည်သူများ အထူးသတိပြုရှောင်ရှားနိုင်ပါရန်KNUဒူးသထု (မိတ်/ကွပ်)ကော်မတီ ယနေ့ နံနက်ပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article