26 C
Yangon

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲ ယမ်း အချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း ၊ ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး လက် နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂ ရက် နေ့က ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဒေသ ၁ ထိန်းချုပ်ရာနေရာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ACDF တပ်ဖွဲ့ဝင်များ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရ သည်။

“ငဖဲမြို့နယ်ထဲမှာပါ။ စခတွေက ဘယ်ကနေလာပြီး ဘယ်ကို စစ်ကြောင်းထိုးဖို့ လာလဲဆိုတာ အတိ အကျ မသိရဘူး။ အင်အားလည်း အတိအကျ မသိရပါဘူး။ ရန်ကူစစ်ကြောင်းလာတာသိလို့ တိုက် ခိုက်ခဲ့တာပါ” ဟု အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၁ လောင်းနှင့် MA1 အမျိုး အစား သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article