မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဘီးလင်းမြို့ အခြေစိုက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အလူးကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်
အလူးကြီးကျေးရွာသား စောငွေလာမှာ လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့ရပြီး ပြည်သူတချို့လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“မနေ့ညနေ ၅ နာရီ ၃၀ မှာ အလူးကြီးကျေးရွာထဲကို စခတွေ ပစ်တဲ့ လက်နက်ကြီးကျတယ်။ အိမ်ခေါင်မိုးပေါ်ကျပြီး ၁ ဦးသေတယ်။ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိတယ်။ တိုက်ပွဲ မဖြစ်ဘဲ ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များနှင့် ကား ၂ စီး ပျက်စီးခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က ဘီးလင်းမြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်များဆီသို့ ဦးတည် ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
သေးသည်။


