ဒီကနေ့ ဇွန် ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူနဲ့ သူ့မိသားစု စီးနင်းဖို့အတွက်အပိုင်ဝယ်ယူထားတဲ့ လေယာဉ်အတွက် 24 Hours ကုမ္ပဏီပိုင်ရှင် ခရိုနီ အောင်အောင်ဇော်က ပြုပြင်ထိန်းသိမ်းပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂီလာဟိုတယ်ကို မင်းအောင်လှိုင် လာရောက်စဉ် ဆန္ဒပြဖို့ ကြိုးစားတဲ့ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးကို ထိုင်းအာဏာပိုင်တွေက အမှု ၇ မှုနဲ့ တရားစွဲထားပြီး I D C မှာ ၂ လကျော်ကြာ ဖမ်းဆီးထားတယ်လို့ ကိုဖြိုးပိုင် က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။
