28 C
Yangon

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးသော နိုင်ငံရေးအခင်း အကျင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ရန် တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးသော နိုင်ငံ ရေးအခင်း အကျင်းဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများက ယနေ့ တောင်းဆိုကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် Key Stakeholders အားလုံးသဘောတူသည့် နိုင်ငံရေးအခင်းအကျင်းတစ်ရပ် မဖြစ်မနေ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ထိုသို့သော နိုင်ငံရေးအခင်းအကျပ်းတစ်ရပ်ပေါ်ပေါက်ပြီးမှသာ လျှင် အခြားသော နိုင်ငံရေး အစီအမံများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လွှတ်တော်ယူနစ်များနှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၃ ခုက တောင်းဆိုထားသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စပြု နေသော နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများသည် တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြမကျန် နေရာဒေသ အစုံ၌ အထွေထွေအကြပ်အတည်းများကို အဆိုးဝါးဆုံး ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ထောင်စု၏ အနာဂတ်မှာလည်း မရေရာ၊ မသေချာမှုများဖြင့် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ဒီမိုကရေစီ ရှင်သန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ပြည်ထောင်စု၏ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်ဟု အလေးအနက် ယုံကြည်လက်ခံကြောင်း ဖော်ပြထားသည်။

ယနေ့ ကြေညာချက်ထုတ်ပြန်သော လွှတ်တော်ယူနစ်များနှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၃ ခုတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ် တော်၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ တို့ပါဝင်သည်။

ဓာတ်ပုံ- ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ထောက်ခံသူပြည်သူများကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article