28 C
Yangon

အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ရိုက် နှက်ခံရပြီး ဒဏ်ရာများ ဆေးကုသခွင့်မရဘဲ ၂ ဦးဒဏ်ရာ ပြင်းထန်ဟုဆို၊ ဘားအံ ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၂ ဦး ရိုက်နှက်ခံရပြီး စစ်ဆေးရုံတင်ထားရ

Must read

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်၊ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အစာငတ်ဆန္ဒပြ မှု ကြောင့် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရကာ ဒဏ်ရာများ အပြင်း အထန် ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

“အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၁ ဦး တိုက်ပိတ်ခံထားရတာ ဆေး လည်းမကုပေးဘူး။ ရိုက်နှက်ထားတာ လူရုပ်တောင် မပေါ်တော့ဘူး။ ဝိုင်း ရိုက်တာဖြစ်လို့ ခေါင်းကွဲတဲ့သူရှိတယ်။ ခြေကျိုးလက်ကျိုးရှိတယ်။ အစာငတ်ခံ ဆန္ဒ ပြလို့။ အကုန်လုံးဒဏ်ရာရပေမယ့် ၂ ဦးကတော့ ဒဏ်ရာ ပြင်းထန်ပြီး အဆက်အသွယ်မရဘူး။ မိသားစုနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်။ အခုထောင်ထဲမှာ စစ်ကားတွေရော၊ ရဲကားတွေရော လုံခြုံရေးကို အရမ်း တိုးမြှင့်ထားတယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် နိုင်ငံရေးအကျဉ်းသမား၂ ဦး လည်း ဝိုင်းဝန်းရိုက်နှက်ခံရပြီး တောင်ကလေး စစ်ဆေးရုံသို့ ပို့ဆောင် ကုသ နေရကြောင်း၊ သေသည် ရှင်သည်ကို မသိရဘဲ ဒဏ်ရာ အပြင်းအထန် ရရှိသွား ကြောင်း ဘာအံထောင် သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ကြိုးကြာဆောင်မှ ထောင်မကြီးအဆောင်၄ သို့ ခိုးဆိုး၊ လုနိုက်၊ မူးယစ်၊ ရာဇဝတ်သားများနှင့် အတူရောနှော၍ ထားရှိရန် အတင်းအဓမ္မ ဖိအားပေး ပြောင်းရွှေ့သောနေ့ ဇွန်လ ၈ရက်နေ့တွင် အကျဉ်း သား များက ဆန္ဒပြကြကြောင်း၊ ဆန္ဒပြမှုအတွက် ထောင်အာဏာ ပိုင်များက အကျဉ်းသားများကို အစာရေစာဖြတ်တောက်ပြီး‌ ပြစ်ဒဏ်ပေးရာ နိုင်ငံရေး အကျဉ်းသားတချို့က မသိရှိဘဲ ယင်းနေ့ မွန်းလွဲ ၂ နာရီ ထမင်း၊ ဟင်းပေးရန် ထောင်ဝန်ထမ်းကို အော်ခေါ်ကြကြောင်း၊ ထောင်ဝန်ထမ်း (၁၃) ဦးက အဆိုပါ နိုင်ငံရေး အကျဉ်းသားများကို ဝိုင်းဝန်း ရိုက်နှက်သဖြင့် ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း ၊ အခြားသော တိုက်ပိတ်ခံ နိုင်/ကျဉ်း များက မတရားသဖြင့် ရိုက်နှက်ခြင်း မပြုလုပ်ရန် ဝိုင်းဝန်း တားဆီး ခဲ့ကြကြောင်း သိရှိရသည်။

၀ိုင်းဝန်း တားဆီးကြသူများကိုလည်း ထောင်ဝန်ထမ်းများက အပြင်းအထန် ရိုက်နှက် သဖြင့် အကျဉ်းသား ၆ ဦးပြင်းထန်စွာ ဒဏ်ရာရပြီး၊ ၂ ဦး သေလု မြော ပါး ထိခိုက်၊ ဒဏ်ရာ ရခဲ့သဖြင့် ထောင်အာဏာပိုင်များက တောင်ကလေး စစ်ဆေးရုံကို တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နှစ်ကြီး နိုင်/ကျဉ်း သမားများကိုလည်း ဆန္ဒပြလျှင် နှိမ်နင်း ရှင်းလင်း ပစ်ရန် ထောင်ပိုင်ဦးလှရွှေက ထောင်ဝန်ထမ်းများကို ညွှန်ကြား ထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article