23.1 C
Yangon

နွားထိုးကြီးမြို့ပေါ်ရှိ သမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုရားစေတီနှင့်ဘုံပြဿာဒ်ဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သည့် ရှင်ပင်သာဒွန်းဦး ဘုရားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီ နှင့် အ ဆောက်အအုံများပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၃ ရ​က်နေ့ ညသန်းခေါင်ယံအချိန် ည ၁၂ နာရီ ၁၈ မိနစ်အချိန် နွားနွားထိုးကြီးမြို့၊ အမှတ် ၂ ရပ် ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ ကျဲချတိုက်ခိုက်ခဲ့ရာ ဘုရားတံတိုင်းနှင့် အဆောက်ဦးများပြိုကျ ပျက်စီး ခဲ့ကြောင်း သိရ သည်။

“နွားထိုးကြီးမြို့နယ်မှာ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပလေ့ရှိတဲ့ဘုရားတစ်ဆူပါ၊ ကိုဗစ်ကာလ မတိုင်ခင်ကဆိုရင် နာမည်ကြီး၊ မင်းသမီးမင်းသားတွေပါငှားပြီး ဘုရားပွဲကျင်းပခဲ့တဲ့ ဘုရားပဲ၊ ဒီလိုနာ မည်ကြီးဘုရားကို ပစ်မှတ်ထားဗုံးကျဲချတာက ဘာသာ၊ သာသနာကို စော်ကားလိုက်တာပါပဲ၊အမျိုး ဘာသာ၊ သသနာကို စောင့်ရှောက်ပါတယ်လို့ ကြွေးကြော်နေတဲ့ စစ်တပ်ကရဲ့ လုပ်ရပ်တွေကို မဘသ တွေ သိသင့်ပြီလို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ရှင်ပင်သာဒွန်းဦးဘုရားသည် နွားထိုးကြီးမြို့နယ် တွင် ထင်ရှား ကျော်ကြားသော စေတီတစ်ဆူဖြစ်ကြောင်း၊ နွားဓိုရ် ဟုအမည်တွင်သော ကျေးရွာမှ နွားကျောင်းသားမောင်သာဒွန်းဦး၏ နွားတစ်ကောင်က ဦးချိုသွေးရာမှ စေတီတော်တစ်ဆူ ပေါ်တော်မူခဲ့သည်ဟု အဆိုရှိပြီး အဆိုပါပေါ်တော်မူ စေတီ ကို ရသေ့ရှင်နိုင်စံ၏ ဗျာဒိတ်ဖြင့် ဌာပနာပြုတည်ထား ကိုးကွယ်ခဲ့ရာမှ ရှင်ပင်သာဒွန်းဦး အမည် တွင်ခဲ့သည်ဟူသော ဘိုးဘွားဘီဘင် ရှေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော စကားများအရ သိရှိရသည်။

ပုဂံခေတ်ဦးပိုင်း ကွမ်းဆော်ကြောင်ဖြူမင်းလောင်းက ကွမ်းထမ်းရောင်းရာ လမ်းခရီးတစ်ထောက်နားနေစဉ် သိကြားမင်း၏ စောင်မမှုဖြင့် ကွမ်းဆော်ကြောင်ဖြူမင်း ဖြစ်ခဲ့ရသည်ဟူသော သမိုင်းကြောင်းရှိပြီး အဆိုပါမင်းက မင်းဘုရင်မဖြစ်မီ အချိန်များက ရှင်ပင်သာဒွန်းဦးဘုရားတွင် သူမင်းဖြစ်ချိန်တွင် ထိုဘုရားကို ကောင်းမွန်စွာ တည်ထား ကိုးကွယ်မည်ဟူသော သစ္စာစကားဆိုခဲ့ဖူးကြောင်း၊ ထို့ကြောင့်မင်းဖြစ်ချိန်တွင် ဘုရားအား ပြုပြင်မွမ်းမံ ကိုးကွယ်ခဲ့သဖြင့် ရှင်ပင်သာဒွန်းဦးဘုရားဟု အစဉ်အဆက်ခေါ်ဆိုခဲ့ကြသည်ဟုလည်း သိရှိရသည်။

ရှင်ပင်သာဒါန်းဦးစေတီတော်တွင် ဘုံ ၇ နှင့် သစ်သားပြာသာဒ်တော်ဖြင့် ငုံ၍တည်ထားခြင်း ဖြစ်ပြီး စေတီတော်အား ငုံထားသော ဘုံပြာသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း ၅၉ တိုင်ဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article