ဒီကနေ့ ဇွန် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပဲခူးတိုင်းအတွင်းက ပြည်သူတွေဆီကနေ ဖမ်းဆီးရရှိထားတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ စစ်တပ်၊ ရဲ၊ ပျူစောထီး နဲ့ လုံခြုံရေးအဖွဲ့တွေ စီးနင်းဖို့ ပြန်လည် ချထားပေးနေပြီး ၊ သိမ်းဆည်းရရှိထားတဲ့ ကားတွေကိုလည်း သူတို့စစ်တပ် ဝန်ကြီးဌာနတွေနဲ့ လက်အောက်ခံ အဖွဲ့တွေကို ပြန်လည်ခွဲဝေပေးဖို့ လုပ်နေတယ်လို့ ပဲခူးတိုင်း စစ်ကောင်စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ရန်ကုန်မြို့ကနေ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းကို စစ်သားသစ် အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး ကန်ဒေါင့်ရဲစခန်းတိုက်ပွဲကို ပို့ဆောင်ထားတဲ့အချိန် စစ်သုံ့ပန်းအဖြစ် PLA က ဖမ်းဆီးရရှိထားပြီး ၊ အဲဒီ စစ်သုံ့ပန်းတွေထဲမှာ ဒဏ်ရာရထားတဲ့အတွက် စစ်တပ်က စွန့်ပစ်ထားခဲ့တဲ့ သူတွေလည်း ပါဝင်နေတယ်လို့ PLA က သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းက ပုသိမ်-မုံရွာ လမ်းပိုင်းမှာ တင့်ကား ၄ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးကတော့ ပွဲချင်းပြီးကို သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်သား ၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
