22 C
Yangon

စစ်ကောင်စီလက်အောက် တပ်ရင်းများတွင် စစ်သားများ စိတ်ဓါတ်ကျဆင်း သေကြောင်းကြံလိုသည့် စစ်သားများရှိနေသဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CDM တပ်သား ဖိုးထောင် တိုက်တွန်း

Must read

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက်စစ်ကောင်စီလက်အောက် တပ်ရင်း၊ တပ်ခွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စိတ်ဓါတ် များကျဆင်းနေပြီး မိမိကိုယ်ကို သေကြောင်း ကြံလို ကြသည့် စစ်သားများ ရှိနေကြောင်းနှင့် အဆိုပါ တပ်သားများအနေဖြင့် စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူနှင့်ပူးပေါင်းရန် CDM တပ်သား ဖိုးထောင်က တိုက်တွန်းပြောဆိုသည့် ဗီဒီယိုကို ကရင်နီပြည်သူ့ရင်ခွင်က ထုတ်ပြန်သည်။

“ကျနော်တို့လိုထွက်လာတဲ့သူတွေကို ဒီဘက်က ကြိုဆိုပါတယ်။ တပ်ထဲမှာက အာဏာသုံးတယ်၊ အဆင့်အတန်းနဲ့ ခွဲတယ်။ ဒီဘက်မှာ အဆင့်အတန်း၊ ရာထူး မရှိဘူး၊ လူ့အခွင့်အရေးကို တန်းတူပေးထားပါတယ်။ တပ်ထဲမှာ စိတ်ဓါတ်တွေ ကျပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့သူတွေ ရှိတယ်၊ သူတို့ကို ပြောချင် တာက ကိုယ့်ကိုယ်ကို မသတ်သေပါနဲ့ ကျနော်တို့နဲ့ ရအောင် ဆက်သွယ်ပါ၊ ကူညီပေးနိုင်သလောက် ရအောင် ကူညီပေးမယ်” ဟု တပ်သား ဖိုးထောင်က ပြောသည်။

CDM တပ်သား ဖိုးထောင်သည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉၊ ခမရ ၄၁၇ တပ်ရင်းမှဖြစ်ပြီး စစ်သက် ၅ နှစ် ရှိသူဖြစ်ကာ ကရင်နီပြည်သူ့ရင်ခွင်ထံ လာရောက်ပူးပေါင်းစဉ် တပ်တွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အနိုင် ကျင့်ခံရမှုများအကြောင်းကို ဝန်ခံပြေဆိုသည်။

“အရာရှိတွေရဲ့ အမိန့်အာဏာတွေ၊ အောက်လက်ငယ်သားကို နိုင်ထက် စီးနင်း လုပ်တာတွေ၊ လစာတွေ ခေါင်းပုံဖြတ်တာတွေ ခံရတယ်၊ ကျနော်ရဲ့ လစာဆို ၁၆၂,၀၀၀ ကျပ်။ ဦးပိုင်၊ အသက်အာမခံကြေး၊ ဘဏ်စုငွေ၊ တပ်တွင်း ဓမ္မာရုံ ကြေးတွေ ဖြတ်တယ်၊ အဲလိုဆိုတော့ ရတဲ့ပိုက်ဆံနဲ့ မိသားစုနဲ့ မကိုက် တော့ ဘူးလေ။ သက်သာဆိုင်က ပစ္စည်းဖိုးတွေ လစာထုတ်ရင် ပြန်ပေးလိုက်ရင် သုံးသောင်း လေးသောင်းလောက်ပဲ ကျန်တယ်။ မပိုတဲ့သူတွေ များပါတယ်” ဟု CDM တပ်သာား ဖိုးထောင်က ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ တပ်များ ဖရိုဖရဲ ဖြစ်နေပြီး စွန့်ခွာနေသူတွေ များပြားနေကြောင်း၊ တပ်တွင်းရှိ ကျန်ရှိနေသော စစ်သားများအနေဖြင့် ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းရန် ဖိုးထောင်က တိုက်တွန်းထားသည်။

“အောက်ခြေရဲဘော်တွေ အရာရှိတွေက လူ့အခွင့်အရေးတွေ ဘာမှ နားမလည် သေးဘူး၊ အထက်က တိုက်ဆို တိုက်ရတယ်၊ သွားဆို သွားရတယ်။ တခါတ လေ ကျရင် သွားမယ့်နေရာကို တပ်ခွဲမှူးအဆင့်တောင် မသိကြဘူး။ လမ်းမှာကြုံတဲ့ အခက်အခဲတွေကို သူတို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ ကျနော့်ရဲ့ မျက်စိ အရှေ့ မှာပဲ ထွက်သွားတဲ့သူတွေ အတော်များတယ်၊ အရာရှိအဆင့်တွေရော။ တပ် ကြပ် ကြီး၊ ဒုတပ်ကြပ်၊ တပ်ကြပ်တို့ သုံးပွင့် ဗိုလ်ကြီးတွေလည်း ပြေးကြပါတယ်။ ကျန်ခဲ့တဲ့ ဘာမှ နားမလည်သေးတဲ့ စစ်သည်တွေ ကျနော်တို့လို အပြင်မှာ သွားလာကြည့်ပြီး လေ့လာကြည့်ပါလို့။ ကိုယ်တိုင်လုပ်ကြည့်မှ လူ့အခွင့် အရေး ဆိုတာဘာလဲ၊ အပြင်မှာနေရတာနဲ့ အထဲမှာ နေရာတာနဲ့ ဘာတွေ ကွာဟ လဲဆိုတာ လေ့လာကြည့်ပါ” ဟု တပ်တွင်း၌ ကျန်နေသော တပ်သားများ ပြည်သူ နှင့် ပူးပေါင်းသင့်ကြောင်း တပ်သား ဖိုးထောင်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article