22 C
Yangon

မြဝတီ-ကော့ကရိတ် အာရှလမ်းဘေးရှိ စစ်ကောင်စီ၏ ကျွန်းပင်ကုန်းစခန်းကို KNLA ပူးပေါင်းကျားသစ်နက်စစ်ကြောင်းက ဝင်ပစ်၊ စစ်သား ၂ ဦး သေဆုံး ပြီး KNLA ပူးပေါင်းတပ်မှ ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၈

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ဘေးရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျွန်းပင်ကုန်း ကင်းစခန်းကို ဇွန်လ ၁၅ ရက် နံနက် ၆ နာရီ တွင် KNLA ပူးပေါင်းတပ်ဖွဲ့ ကျားသစ်နက်စစ်ကြောင်းက ဝင်ရောက် ပစ် ခတ်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း၊ KNLA ပူးပေါင်း တပ်ဖွဲ့ မှ ၁ ဦး ကျဆုံးကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်း ထုတ် ပြန် သည်။

တိုက်ပွဲသည် ၁ နာရီခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်း တပ်ဖွဲ့ဘက်မှ ဆရာကြီး အောင်ဘု ကျဆုံးခဲ့ကြောင်း၊ ဆရာကြီးအောင်ဘု၏ စွန့်လွှတ်အနစ်နာခံမှုများအတွက် ကျားသစ်နက်စစ်ကြောင်းက အလွန်ပင် ဝမ်း နည်း ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ အဆိုပါ ကျွန်းပင်ကုန်း ကင်း စခန်း သည် ခရီးသွားပြည်သူများအား တရားမဲ့စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ် ခြင်းစသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန် နေကြောင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article