29.4 C
Yangon

ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့်စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့်စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပကဖ အသံက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့် စစ်တပ်အထိုင်ချ စာသင်ကျောင်းစခန်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ စစ်သား ၁ ဦးနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ပြီး ပျူစောထီး ၁ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များ အ အကျအဆုံးမရှိဘဲ ၁ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိခဲ့သော လက်နက်များတွင် BA 100 ၁ လက်၊ G 3 ၂ လက်၊ Carbine ၄ လက်၊ 60mm ကျည် ၁၂ ဖူး၊ Carbine ကျည် ၁၁၇၅ တောင့်၊ 7.62ကျည် ၅၀၉ တောင့်၊ 5.56 ကျည် ၅၈ တောင့်နှင့် Grenade ၂ လုံး ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေးကို ကလေးခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ဦးဆောင်ပြီး ကလေးခရိုင် ပကဖ ရုံး ဒုတာဝန် ခံ (စည်းရုံး/လေ့ကျင့်)၊ ကလေးခရိုင်ပကဖ သတင်းတာဝန်ခံ၊ ကလေးခရိုင်ပကဖ ရုံးအဖွဲ့မှူးတို့က စစ်ရေးစီမံချက်ရေးဆွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး)ဦးဆောင်၍ ကလေးခရိုင်ပကဖရုံး လက်ရုံးတပ်ဖွဲ့၊ ကလေးခရိုင်ပကဖရုံး Wing of Kalay Drone Team၊ ထောက်ကြန့်ကျေးရွာ ပကဖ၊ ဇင်းဂလင်း ကျေးရွာပကဖ၊ ပေါက်တောကျေးရွာပကဖ တို့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြကြောင်း သိရှိရသည်။ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့်စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပကဖ အသံက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့် စစ်တပ်အထိုင်ချ စာသင်ကျောင်းစခန်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ စစ်သား ၁ ဦးနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ပြီး ပျူစောထီး ၁ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များ အ အကျအဆုံးမရှိဘဲ ၁ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိခဲ့သော လက်နက်များတွင် BA 100 ၁ လက်၊ G 3 ၂ လက်၊ Carbine ၄ လက်၊ 60mm ကျည် ၁၂ ဖူး၊ Carbine ကျည် ၁၁၇၅ တောင့်၊ 7.62ကျည် ၅၀၉ တောင့်၊ 5.56 ကျည် ၅၈ တောင့်နှင့် Grenade ၂ လုံး ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေးကို ကလေးခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ဦးဆောင်ပြီး ကလေးခရိုင် ပကဖ ရုံး ဒုတာဝန် ခံ (စည်းရုံး/လေ့ကျင့်)၊ ကလေးခရိုင်ပကဖ သတင်းတာဝန်ခံ၊ ကလေးခရိုင်ပကဖ ရုံးအဖွဲ့မှူးတို့က စစ်ရေးစီမံချက်ရေးဆွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး)ဦးဆောင်၍ ကလေးခရိုင်ပကဖရုံး လက်ရုံးတပ်ဖွဲ့၊ ကလေးခရိုင်ပကဖရုံး Wing of Kalay Drone Team၊ ထောက်ကြန့်ကျေးရွာ ပကဖ၊ ဇင်းဂလင်း ကျေးရွာပကဖ၊ ပေါက်တောကျေးရွာပကဖ တို့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article