ဒီကနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ Non-CDM လက ထောက် ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် ၅ ဦးကို ဒေသကာကွယ်ရေးတပ်တစ်ခုက ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင် ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူရဲ့ မြစ်ကြီးနားက အိမ် ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မြစ်ကြီးနားမြို့နေ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းက ဝါးချက်ရွာ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကာ စစ်သား ၃ ဦး သေဆုံးပြီးနောက် စစ်တပ်က ဝါးချက်ကျေးရွာထဲမှာ နေထိုင်တဲ့ ပြည်သူတွေကို မောင်းထုတ်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
