25.5 C
Yangon

လေးမျက်နှာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော မဆရ-၄ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်ကြပ် ဇေယျာဖြိုး၏ ရုပ်အလောင်းများကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်၊ ဒဏ်ရာရ စစ်သားများကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံသို့ နာရေးကားများဖြင့် ပို့ဆောင်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့သော မဆရ-၄ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်ကြပ် ဇေယျာဖြိုး၏ ရုပ်အလောင်းများကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်ခဲ့ပြီး ဒဏ်ရာရ စစ်သားများကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံသို့ နာရေးကားများဖြင့် ပို့ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ်၊ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းမှ လေးမျက်နှာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါး ကုသမှု ခံယူနေသည့် စစ်ဗိုလ် ၁ ဦးသည် သေဆုံးခဲ့ပြီး ရွှေမြင်တင် မီးသဂြိုလ်စက်တွင် ဘဝဆည်ဆား နာရေးကား ၊ အိမ်စီးကား ၊ စစ်တပ် ဖောကား ၊ ပရိတ်ကား စုစု‌ပေါင်း ကား ၇ စီးဖြင့် မသာချသွားကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ်၊ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းမှ လေးမျက်နှာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသည့် တပ်ကြပ် ဇေယျာဖြိုး အသက် ၃၈ နှစ် သည် သေဆုံးသွားပြီး ရွှေမြင်တင် မီးသဂြိုလ်စက်တွင် ဘဝဆည်ဆား အသုဘကား ၊ အိမ်စီးကား ၊ faw ကား များဖြင့် စုစု‌ပေါင်းကား ၅ စီး ဖြင့် မသာချသွားကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း လေးမျက်နှာ တိုက်ပွဲများအတွင်း ပြင်းထန် ဒဏ်ရာရရှိခဲ့သော မဆရ-၄ မှ စစ်သားများကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံကို နာရေးကားများဖြင့် ပို့ဆောင်နေပြီး ဒဏ်ရာရစစ်သားများလည်း light truck ကားများဖြင့် မဆရ ၄ သို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

“လေးမျက်နှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ မဆရ-၄ ကို ရောက်နေတဲ့ စစ်ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ဇေယျာဖြိုးရဲ့ ရုပ်အလောင်းများကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်တာပါ။ နောက်ပြီး တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ခွေးတွေလည်း အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို ထပ်ရောက်နေတယ်။ ဒဏ်ရာပြင်းထန်တဲ့ စစ်ခွေးတွေကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံကို ထပ်ပို့နေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( DSA အပတ်စဉ် ၄၅ ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် စစ်အခမ်းအနားဖြင့် သဂြိုလ်သည့် မြင်ကွင်း ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article