25.6 C
Yangon

ကျောက်မဲ၊ နောင်ပိန်ရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နောင်ပိန်ရွာကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် နောင်ပိန်ကျေးရွာအတွင်းကိုပါ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“နောင်ပိန် ရထား သံလမ်း TNLA နဲ့ SSPP နယ်စပ်ကို လက်နက်ကြီးနဲ့ စစ်တပ်က မွန်းလွဲ ၁၂ နာရီ ထိထိက စပြီးပစ်ခတ်တိုက်ခိုက်နေတာ မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်မှာ နောင်ပိန်ရွာ အနီးတဝိုက်ကို လက်နက်ကြီး နောက် ၁ လုံး ထပ်ကျတယ်။ အခုထပ်ပစ်နေတာက ရွာထဲကိုကျတော့ စစ်ရှောင်တွေကော ပြည်သူတွေကော နောင်ပိန် တစ်ရွာလုံး ရှောင်ပြေးနေရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးများထဲတွင် ဓာတုဗုံးများပါ ပါဝင်ကြောင်း ဒေသပြည်သူများက ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article