27 C
Yangon

ဥရောပ အပါအဝင် နိုင်ငံတကာနှင့် အာဆီယံ ကုန်သွယ်မှု တိုးမြှင့်ရေး စစ် အာဏာ သိမ်းထားသော မြန်မာနိုင်ငံကြောင့် အဟန့်အတားဖြစ်နေရဟု မလေး ရှား နိုင်ငံခြားရေးဝန်ကြီးပြော

Must read

ရန်ကုန်၊ ဇွန် ၂၁

မြန်မာနိုင်ငံတွင် ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသော နိုင်ငံ ရေး အကျပ်အတည်းသည် နိုင်ငံတကာ စီးပွားရေး လုပ်ဖော် ကိုင်ဖက် များ နှင့် အာဆီယံ ၁၀ နိုင်ငံ၏ ကုန်သွယ်မှု ဆွေးနွေးပွဲကို အဟန့်အတား ဖြစ်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြော သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ၏ သဘောတူညီချက်ရရှိမှသာလျှင် အာဆီယံအဖွဲ့အနေဖြင့် ကိုယ်စားပြု လုပ်ကိုင်နိုင်သောကြောင့် လက်ရှိ မြန်မာကို အာဆီယံက ချန်လှပ် ထားရချိန် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် အနှောင့် အယှက် အဟန့်အတား ဖြစ်နေရကြောင်း ၎င်းက ဆိုသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာမပါဝင်ဘဲ အဖွဲ့နိုင်ငံ ၉ ခုကသာ စေ့စပ်ညှိနှိုင်း မှုနှင့် သဘောတူညီချက်များဖြင့် သဘောတူညီချက်နှင့် ဆွေးနွေးမှုများ လုပ် ဆောင် နိုင်သည်ဆိုသော အချက်ကို ထည့် သွင်းစဉ်းစားသင့် ကြောင်း ပါဝင် သင့်သည်ဆိုသည်ကို ထည့်သွင်းစဉ်းစားရမည်ဟု အကြံပြုခဲ့သည်။

“အာဆီယံအနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်မှတ်ရေးထိုးဖို့ လိုအပ်နေတဲ့ ကုန်သွယ်မှုသဘောတူညီချက်တွေကို မြန်မာမပါဘဲ လုပ်မရ ဖြစ် နေတယ်။ ဒါကို ဥပဒေကြောင်းအရ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ကျနော် တို့ ညီညီညွတ်ညွတ် စဉ်းစားဖို့ လိုပါလိမ့်မယ်။ ” ဟု Saifuddin က ပြော ကြားသည်။

“တစ်နိုင်ငံတည်းက လက်မှတ်မထိုးလို့ ကိုးနိုင်ငံက လက်မှတ်ထိုးလို့မရဘူး။ အဲဒီအတွက်ကြောင့် ဥရောပ အပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ ကုန်သွယ်ရေး မမြှင့်တင်နိုင်ဘူး။ ဒါက အာဆီယံအတွက် တရားမျှတမှုမရှိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် တိုးတက်မှုမရှိသည့်အတွက် မလေးရှား နိုင်ငံ အနေဖြင့် စိတ်ပျက်မိကြောင်း Saifuddin က ပြောသည်။

“လူတွေဟာ အသတ်ခံနေရဆဲ၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေ လူသား ချင်းစာနာတဲ့ အကူအညီတွေ မရကြသလို၊ နောက်ထပ် လူ (အကြမ်း ဖက်မှု ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်) တွေလည်း မလေးရှားကို ဆက်လာ နေကြ ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့အရေးဖြေရှင်းရန် NUG ၊ NUCC တို့ ပါဝင် တွေ့ဆုံ ဆွေးနွေးရမည်ဟု ၎င်းက အကြံပြုထားသည်။

“သက်ဆိုင်သူအားလုံးကို တွေ့ဆုံသင့်တယ်လို့ ကျွန်တော်တို့က သူ့ကို အကြံ ပေးထားပါတယ်” ဟု Saifuddin က ပြောကြားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ ပါဝင်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article