27.1 C
Yangon

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကြခတ်အိုက်ရွာသား ဦးမောင်မောင်ကို ဖမ်းဆီး ပစ်သတ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကြခတ်အိုက်ရွာသား ဦးမောင်မောင်ကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်စခန်းမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြခတ်အိုက်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အသက် ၄၅ နှစ် အရွယ် ဦးမောင်မောင်ကို ဖမ်းဆီး ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းချိန်တွင် ပြည်သူများ အများအပြား ပိတ်ခဲ့ပြီး ဖမ်းဆီးခံရသူများပြားကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်သားများသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားကြောင်း သိရသည်။

“အဲ့ဒီ စစ်ကြောင်းဝင်တာ နံနက် ၆ နာရီကျော်ရှိ သေးတာ ဘာသတင်းမှလည်း မရတော့ တစ်ရွာလုံး နီးနီး ပိတ်မိတာများတယ်။မထွက်နိုင်တဲ့သူအများကြီးပဲ ကိုမောင်မောင်ကတော့ မနက်စောစော တောထဲသွားချိန် စစ်ကြောင်းအဝင်နဲ့ တိုးပြီးတော့ ကံဆိုးတယ်ပြောရမယ်။ ကတ္တရာလမ်းဘေးမှာ နှာဖူးတည့်တည့် သေနတ်နဲ့ ၂ ချက် ပစ်သတ်သွားတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ကြခတ်အိုက်ရွာတွင် တစ်ညအိပ် တပ်စွဲပြီးနောက် သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးထားသော ပြည်သူများကို ပြန်လွှတ်ပေးပြီး ကိုးတောင်ဘို့အထိုင်စခန်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article