27.1 C
Yangon

ကောလင်းတွင် ခမရ ၁၁၁ ဝန်းသိုတပ်မှ တပ်ကြပ်ကြီးထွန်းလင်း ပစ်ခတ်ခံရပြီး သေဆုံး၊ မြင်းခြံမှ မီတာခကောက်သူ လျှပ်စစ် ဝန်ထမ်း ၂ ဦး ၊ တိုက်ကြီးမှ ပျူ စောထီး ခေါင်းဆောင်တို့ ပစ်သတ်ခံရ ၊ ရွာငံတွင် စစ်ဗိုလ်ဟောင်း သစ်တော ဦးစီးမှူး အသတ်ခံရပြီး အလောင်းလာကောက်သော စစ်သား ၆ ဦးပါ မိုင်းမိ သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ငပွေးကြီးရပ်ကွက်တွင် နေအိမ်သို့ ခွင့်ဖြင့် ပြန် လာ သည့် ခမရ ၁၁၁ ဝန်းသိုတပ်ရင်းမှ တပ်ကြပ်ကြီး ထွန်းလင်းကို ယနေ့ ၎င်း ၏ နေအိမ်တွင် ကောလင်းမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် ဖမ်းဆီး စဉ် လက်ပစ်ဗုံး ဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ၅ ချက် ပစ် ခတ် ခဲ့ကြောင်း၊ ယင်းနောက် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅.၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို(အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး အပါအဝင် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊၎င်းဖြစ်စဥ်တွင် နေအိမ်၌ သေဆုံးသူ ၏ မိခင်နှင့် သား ရှိနေသော်လည်း ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခြင်းမ ရှိခဲ့ဘဲ အေးဆေးစွာပင် နေခွင့်ပြုကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ဗိုလ်ကြီးရာထူး အငြိမ်းစားဖြင့် တပ် မှ အသွင်ပြောင်းလာသူ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင် နှင့်သားငှက် တိရိစ္ဆာန် ထိမ်းသိန်းရေးဦးစီးဌာန ဦးစီးမှူး မင်းခိုင်ဦးကို ဝမ်းတွင်း WTRF က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တွင် စစ်တပ်နှင့်ပေါင်းပြီး ပျူစောထီးများဖွဲ့စည်း၍ သစ်တော အရာရှိ အသွင်ယူကာ တောင်ပေါ်အနှံ့ ဖြန့်ကျက်၍ အမျိုမျိုးထောက်လှမ်း ရှာဖွေ၍ ဒုက္ခပေး သောကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ကျေးရွာအရှေ့ဘက်တွင် WTRF က ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရိစ္ဆန် ထိမ်းသိန်းရေးဦးစီးဌာန ဦးစီးမှူး မင်းခိုင်ဦး အလောင်းကိုလာကောက်သည့် စစ်သား ၆ ဦးပါသော စစ်ကား တစ်စီးကို အပြန် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာ အနောက်ဘက်တွင် WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားတစ်စီး လုံးမီးလောင်ပြီးစုတ်ပြတ်သွားကာ စစ်သား ၆ ဦလုံး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြိုနယ် ကင်းပတီးကျေးရွာအုပ်စု အလယ်ရွာနေ ပျူစောထီး ပြည်သူ့စစ်ခေါင်းဆောင် ကိုအောင်မိုးကို ဥက္ကံPDF က ယနေ့နေ့လည် ၂နာရီခန့်အချိန် ပစ်ခတ်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊နှပ်ချိုတောကျေးရွာအနီးတွင် မီတာခများကောက်ခံပြီး ပြန်လာသော မြင်းခြံမြိုနယ် လျှပ်စစ်ရုံးမှ ဒုလက် ထောက် ကြီးကြပ်ရေးမှူးဦးတင်ကိုနှင့် ဦးမျိုးဇော်ဝင်းတို့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article