By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
- ရက် ၃၀ အတွင်း ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ ရှာဖွေပြီး ၊ စစ်ကိုင်းတိုင်းက တော်လှန်ရေးအဖွဲ တွေဆီကို ကူညီပံ့ပိုးသွား မယ့် ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်အတွက် ပြည်သူတွေ ဝိုင်းဝန်း အားဖြည့် ပေးကြဖို ရန်ပုံငွေရှာဖွေရေးအဖွဲက နှိးဆော်လိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ အင်းတော်မြိုနယ် ၊ မင်းကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၂၄ ရက်နေ့ မှာ ဝင်ရောက် စီးနင်းခဲ့တဲ့အပြင် ၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ အလှူခံ ပုံးတွေကို ရိုက်ခွဲပြီး ပိုက်ဆံတွေ ခိုးယူသွားတယ်လို နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်တဲ့ ဒေသခံတွေ နဲ့ ဒေသသတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ ကဒက်ကြီးကျေးရွာနဲ့ ဂေါ့အင်းကျေးရွာက အပြစ်မဲ့ သက်ကြီး ရွယ်အိုသုံးဦးကို ဇွန်လ ၂၆ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပြန် ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားတဲ့ သတင်း အပါအဝင်နောက်ဆုံရသတင်းတွေကို တင်ဆက်ပေးပါမယ်။