24.9 C
Yangon

စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။

ယမန်နေ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြုလုပ်သော အရာရှိ၊စစ်သည်များနှင့်တွေ့ဆုံပွဲ အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆို အမိန့်ပေးလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ယနေ့ခေတ်မှာ သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သည့် လုပ် ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်းအသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က လူမှုကွန်ရက် အသုံးပြုမှုများကို တောက်လျှောက်ဆိုသလို တင်းကျပ် စိစစ်ကြပ်မတ်ရန် အမိန့်ပေးနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်မှုများကို ထိထိရောက်ရောက် အရေးယူရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးဌာနများ၏အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များ သည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည်တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ကျိုးပေါက်ခြင်းများဖြင့်တစ်ဦးတစ်ယောက်ချင်း ထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article