ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်း ပြန်ကြား တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် သဲကုန်းမြို့နယ် ၊ သစ်နီတောအုပ်စု ၊ ပန်းပင်ကုန်း ကျေးရွာ အောင်စည်သာကွက်သစ်သို့ မီးရှို့ပြီး ပြန် ထွက်လာသော ဆိုင်ကယ် ၁၄ စီးပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို သဲကုန်းမြို့ဘက်မှ ကားဖြင့် လာရောက်သယ်ဆောင်သွားပြီး ရွှေတောင်မြို့ ကုတင် ၁၀၀ ဆေး ရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှု့အောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မှရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ရေးအရိန်မြှင့်တင်လာပြီဖြစ်ပါသောကြောင့် ပြည် သူများ အနေဖြင့်အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်း၊ စစ်ဆေးရေးဂိတ်စခန်း များကို ရှောင်ကွင်း သွားလာကြပါရန် တော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံအသိပေးထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ စစ်သားများက ဆိုင်ကယ်များဖြင့် စစ်ကြောင်းထိုးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
