25.9 C
Yangon

ပုသိမ်တွင် စစ်မှုထမ်းလူစားထိုး ရောင်းဝယ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေသော်လည်း ပိုက်ဆံပေးနိုင်သော အုပ်ချုပ်ရေးမှုးများကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းလူစားထိုး ရောင်းဝယ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေသော်လည်း ပိုက်ဆံပေးနိုင်သော အုပ်ချုပ်ရေးမှုးများကို ပြန်လွှတ်ပေးနေကြောင်း ပုသိမ်အခြေစိုက်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်အချိန် ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အေးကို ကို နေပြည်တော် ရဲတပ်ဖွဲ့က တရားမဝင် စစ်မှုထမ်းအရောင်းအဝယ် ပြုလုပ်မှုများ၊ ငွေအလွဲသုံးစားပြုလုပ်မှု၊ လိုင်စင်မဲံကား စီးမှုများဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ကြိုတင် သတင်းရရှိသောကြောင့် အုပ်ချုပ်ရေးမှူး အေးကိုမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်းစီးနင်းနေသောကားကို ရဲက သိမ်းဆည်း သွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အေးကိုသည် ရပ်ကွက်အတွင်း ပြန်လည် ရောက်ရှိလာပြီး ဆိုင်ကယ် ၁ စီးဖြင့် “နေပြည်တော်ရဲတပ်ဖွဲ့မပြောနဲ့ မင်းအောင်လှိုင်တောင် စောက်ဂရုမစိုက်ဘူး။ ငွေရှိရင် ပါးရိုက်လို့တောင်ရတယ် အခုလည်း ငွေနဲ့ရှင်းလိုက်လို့ အမှုပြီးသွားပြီ” ရပ်ကွက်အတွင်း အော်ဟစ် ကြွေးကြော်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အဖမ်းပြတဲ့ ပုံစံလို့ပဲ ပြောရတယ်။ အေးကို ကို ဝင်ဖမ်းတယ်သာပြောတာ နောက်နေ့ကျတော့ ချက်ခြင်း ရပ်ကွက်ထဲ ပြန်ရောက်လာပြီး ငွေပေးရင် အကုန်ရှင်းလို့ ရတယ်ဆိုပြီး အော်ဟစ် ကြွေးကြော်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်နှင့် ရပ်ကျေးစာရေး ၁ ဦးကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် တရားမဝင် စစ်မှုထမ်းလူအရောင်းအဝယ်ပြုလုပ်မှူ၊ ငွေအလွဲသုံးစွဲမှုများဖြင့် အကြမ်းဖက် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် အမှတ် ၆ ရပ်ကွက်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က အိမ်စီးကား ၇ စီး အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းလူအရောင်းအဝယ် ပြုလုပ်မှုဖြင့် ငွေကြေးချမ်းသာလာသူများဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသော်လည်း ငွေကြေးပေး၍ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article