ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်လိုတဲ့အပြင် အာကာသ စူးစမ်းလေ့လာရေးအတွက် ဂြိုလ်တုလွှတ်တင်လိုတာကြောင့် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ဖို့ကို မင်းအောင်လှိုင်က ဆွေးနွေးခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေး မယ်လို့ မလေးနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ကပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့ အထက ၃ ကျောင်းက ဆယ်ကျော်သက် အရွယ် ကလေးငယ် ၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။’
